ကျောက်တော် မတ် ၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နေ့လယ် ၂ နာရီက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြို့တော်ခန်းမ ယာယီနေရပ်စွန့်ခွာစခန်းသို့ သွားရောက်ပြီး ပြည်သူလူထုနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့်နံရံကပ်စာစောင် များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မဟာကံကြီးရှင်ဘုရား ယာယီနေရပ်စွန့်ခွာစခန်းရှိပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်၊ အမှားနှင့်အမှန်ကိုဝေဖန် ပိုင်းခြားတတ်စေရန်၊တစ်ဦးနှင့်တစ်ဦးရင်းနှီး ကျွမ်း ဝင်မှုရရှိပြီး သူ့အမြင်၊ ကိုယ်အမြင်များ ဖလှယ်နိုင်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်ပြီး စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။ ထို့နောက် အသိပညာပေးဟောပြောရာတွင် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမား၏ ရည်ရွယ်ချက်များ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များနှင့် ကလေးအလုပ်သမားများ၏ အသက်အရွယ် စသည့်အကြောင်းအရာများအား ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ကလေး အလုပ် သမားပပျောက်ရေးအသိပညာပေး နံရံကပ် စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲတွင် ခင်းကျင်း ပြသထားသည့် ကလေးအလုပ်သမားအဓိပ္ပါယ်၊ကလေးသူငယ်များအဖြစ် သတ်မှတ်ထားသည့် အသက်အရွယ်အပိုင်းအခြားများ၊ ကလေးသူငယ်များဆိုင်ရာအခွင့်အရေးများအား စုံလင်စွာခင်းကျင်း ပြသခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း