သတင်းများ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Mar 28,2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်း တွင် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အရွှဲကျေးရွာအုပ်စု၊ အရွှဲကျေးရွာရှိ ရွှေဝါနဒီ စိုက်ပျိုးထုတ်လုပ်မှုကုမ္ပဏီ၊ ရွှေဝါနဒီဆန်ကြိတ်ခွဲသန့်စင်စက် လုပ်ငန်းသို့ သွားရောက်၍ ဆန်ကြိတ်ခွဲတင်ပို့ နိုင်ရေး ဆန်စက်လည်ပတ်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ရာ
မိုးညှင်းမြို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင်သံဃာ/သီလရှင်များ ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
Mar 28,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီက ဥတ္တရာရာမကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့၌ လီဆူမျိုးနွယ်၀င် နောမျိုးလူမျိုးစုများ စာ‌ပေရက်တိုသင်တန်းဖွင့်လှစ်
Mar 27,2023
ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့၌ လီဆူမျိုးနွယ်၀င် နောလူမျိုးစုများ စာပေရက် တိုသင်တန်းကို ယနေ့နံနက် ၉ ခွဲက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ရှိ နောစာပေကော်မတီရုံး သံလွင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Mar 27,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သပြေကုန်းအုပ်စု၊ ရေပြာကျေးရွာတွင် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မူဖြင့် ၂၀၂၂-ခုနှစ်၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုအောင်မြင် တော်မူကြသော စာအောင်သံဃာနှင့် သီလရှင် များအား အောင်လက်မှတ်နှင့် စာအောင်ဆု ဆက်ကပ်လှူဒါန်း ပူဇော်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကိုယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အရှေ့တောင်တိုင်းစစ်ဌာနချုပ်စစ်ရေးပြကွင်း၌ ကျင်းပသည့် (၇၈)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်
Mar 27,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများသည် မတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပသည့် (၇၈)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
စစ်ကိုင်းတက္ကသိုလ်တွင် တန်ဖိုးမြှင့်စားသောက်ကုန်(သီးနှံအခြေခံ) ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲကျင်းပ
Mar 27,2023
စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စစ်ကိုင်းတက္ကသိုလ် ဓာတုဗေဒဌာနတို့ ပူးပေါင်း၍ တန်ဖိုးမြှင့်စားသောက်ကုန် (သီးနှံအခြေခံ) ယို၊ ဖျော်ရည် အမျိုးမျိုးထုတ် လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့က အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းအမ်းမြို့၌  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 27,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန် ကြီးများ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် အမ်းမြို့နယ်အတွင်း လှည့်လည်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးဆောင် ရွက်ခဲ့သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခရီးသွားပြည်သူများ တစ်ရက်လျှင်ရှစ်သောင်း ခန့်ဝင်ရောက်လျက်ရှိ
Mar 27,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခရီးသွားဘုရားဖူးပြည်သူတစ်ရက်လျှင် လူဦးရေ ရှစ်သောင်းကျော်ခန့် လာရောက်ဖူးမြော်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှုဦးစီးဌာန (ပုဂံ)ရုံးခွဲ တာဝန်ရှိသူများထံက သိရသည်။