ကျောက်ဆည်မြို့တွင် ခရိုင်အသင်းအဖွဲ့မှတ်ပုံတင်ရေးအဖွဲ့မှ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

ကျောက်ဆည် မတ်  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ခရိုင်အသင်းအဖွဲ့မှတ်ပုံတင်ရေးအဖွဲ့မှ ခရိုင်အဆင့်မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက ၂၀၂၂ ခုနှစ် အသင်းအဖွဲ့ မှတ်ပုံ တင်ခြင်းဆိုင်ရာ ဥပဒေပြဥပဒေပြဋ္ဌာန်းရခြင်း အကြောင်းအရင်းများ၊ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များအကြောင်း အမှာစကားပြောကြားခဲ့ပြီး ခရိုင်မှတ်ပုံတင်ရေးအဖွဲ့၊အဖွဲ့ဝင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက အသင်းအဖွဲ့၏အဓိပ္ပာယ်၊ မှတ်ပုံတင်ထားရှိသော အသင်းအဖွဲ့များအကြောင်း၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ခရိုင်ဦးစီးအရာရှိ ဒေါ်သော်သော်ဟန်က အသင်းအဖွဲ့များနှင့်ပတ်သက်၍ ငွေကြေး ခဝါချမှုဆိုင်ရာ အကြောင်းအရင်းများအား ရှင်းလင်းပြောကြားခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ခရိုင်အဆင့်မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့များ၏ တာဝန်ရှိသူများမှ သိရှိလိုသည်များကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ရာ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မျိုးသိန်းက တင်ပြမှုများအပေါ် ပြန်လည်ပေါင်းစပ် ဆွေးနွေးခဲ့ကြောင်း သိရှိရပြီး ဆွေးနွေးပွဲသို့ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မှတ်ပုံတင် အသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)