မဟာ သင်္ကြန် အကျနေ့တွင် ငွေဆောင်ကမ်းခြေ၌ အနားယူအပန်း ဖြေသူများဖြင့်စည်ကား လျက်ရှိ

ငွေဆောင်      ဧပြီ     ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင် မြို့၊ငွေဆောင်ကမ်းခြေ၌ ယနေ့ဧပြီလ( ၁၄) ရက်နေ့၊ မဟာသင်္ကြန်အကျနေ့တွင် အနယ်နယ်အရပ်ရပ်လာရောက် အနားယူ အပန်းဖြေ သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ ယခု၂၀၂၃ခုနှစ် တွင်ဧပြီလ ၈ရက်နေ့မှ ၁၇ရက်နေ့ အထိအစိုးရရုံးပိတ်ရက်၁၀ ရက်ရှိရာယနေ့ဧပြီလ ၁၄ရက်နေ့၊ သင်္ကြန်အကျနေ့ ၌မြို့ထဲရှိ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များတွင် စျေးဝယ်ယူနေကြသူများ၊ ကမ်းခြေတွင် လမ်းလျှောက်ကြသူများ၊အပန်းဖြေနေကြသူများ၊ ရေကူးကြသူများ၊speedboat,BananaBoat စီးကြသူများ၊ ငွေဆောင်၏ အထင်ကရကျွန်းများဖြစ် သောမြွေကျွန်း၊လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျ BananaBoat စီးကြသူများ၊ ငွေဆောင်၏အထင်ကရ ကျွန်းများဖြစ် သောမြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ ဘုရားသုံးဆူနှင့်မိုးမခဆင်စခန်းသို့သွားရောက်လည်ပတ်ကြသူများဖြင့်စည်ကားလျက်ရှိနေကြောင်းသိရသည်။

ငွေဆောင်ကမ်းခြေတွင်ဧည့်သည်များ အေးချမ်းပျော်ရွှင်စွာအနားယူနိုင်ရေး၊ လုံခြုံမှုရှိစေရေး၊ ကမ်းခြေသန့်ရှင်း သာယာလှပရေး၊ ကမ်းခြေစျေးရောင်းချသည့် စျေးသည်များသတ်မှတ် စည်းကမ်းနှင့် အညီရောင်းချမှုရှိစေရေးနှင့် ယာဥ်ကြောပိတ်ဆို့မှုမဖြစ်စေရေးတို့ အတွက် ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်၊ ငွေဆောင်နယ်မြေရဲတပ်ဖွဲ့ စခန်း၊မြို့အဆင့်ဌာန ဆိုင်ရာများ၊ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များပူးပေါင်း၍ နံနက် ၈း၃၀အချိန်နှင့် ညနေ ၃း၃၀အချိန်တို့၌ကမ်းခြေသို့ ဆင်းကာကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)