ရေကြည် ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ယိမ်းအကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းချစ်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁ )ဗိုလ်မှူးမျိုးမြင့်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုကိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် မန်းတောင်ရိပ်ခိုသီချင်း၊ သင်္ကြန်မိုးသီချင်းများဖြင့် သံပြိုင်သီဆိုကြပြီး သင်္ကြန်ယိမ်းအကမယ်အဖွဲ့များက ယိမ်းအကအလှများဖြင့် ဖျော်ဖြေကြရာ သင်္ကြန်ချစ်သူများက ဆုများချီးမြှင့်ကြပြီး မြို့နယ်မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ရှေ့၌ ပြည်သူများ၊ ရေပက်ကစားသူများဖြင့် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက်)