ရန်ကုန် ဧပြီ ၁၄
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကျနေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ မြို့နယ်ရေကစားမဏ္ဍပ်တွင် ရေကစားသူပြည်သူများ၊ ယိမ်းအက ဖျော်ဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေကစားမဏ္ဍပ်တွင် ဒေါပုံမြို့နယ်မှ ယိမ်းလှပျိုဖြူအဖွဲ့များအပြင် ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတို့မှ ယိမ်းအဖွဲ့များက လာရောက်ဖျော်ဖြေသွားမည်ဖြစ်သည်။ ထို့အပြင် ရေကစားသူ ပြည်သူများအား စတုဒိသာအဖြစ် ကြာဇံကြော်များကို ဌာနဆိုင်ရာများက စုပေါင်းကျွေးမွေးသွားမည် ဖြစ်သည်။ ဒေါပုံမြို့နယ်ရေကစားမဏ္ဍပ်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ရေပတ်ဆော့ကစားနိုင်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အထောက်အကူပြုအဖွဲ့များက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)