ကော့မှူးမြို့နယ်တွင် မဟာသင်္ကြန်အကျနေ့ပြည်သူများပျော်ရွှင်စွာဆင်နွှဲ

ကော့မှူး ဧပြီ ၁၄

၁၃၈၄ ခုနှစ် မဟာသင်္ကြန်အကျနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများ မဟာင်္ကြန်အကျ‌နေ့တွင် အေးချမ်းပျော်ရွှင်စွာ ရေကစားသူများဖြင့်စည်ကားလျက်ရှိကြောင်းသိရသည်။

ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်ဗိုလ်ချုပ်လမ်းမကြီးရှိ မြို့နယ်သင်္ကြန်မဏ္ဍပ်တွင် မြို့နယ်အတွင်း ပျော်ရွှင်စွာရေကစားကြသူများ၊ ရေပက်ခံကားများ၊ လမ်းလျှောက် ရေပက်ခံထွက်သူများဖြင့်စည်ကားလျက်ရှိသည့်အပြင်ဘုန်းတော်ကြီးကျောင်းများတွင်လည်း ဥပုသ်သီတင်းသီလဆောက်တည်ကြသူများ၊ ရပ်ကွက်များလမ်းများအလိုက်စတုဒီသာမုန့်များ လူဒါန်းကျွေးမွေးခြင်းဖြင့် မြန်မာရိုးရာနှစ်သစ်ကူးပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်း လျက်ရှိကြောင်းသိရသည်။

ပြည်သူများအေးချမ်းပျော်ရွှင်စွာ မဟာင်္ကြန်ပွဲတော်ဆင်နွှဲနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်ပေးနေကြကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)