သတင်းများ

ဖျာပုံအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား (၁၂) ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေး
Apr 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ဖျာပုံအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား (၁၂) ဦးအား ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံအကျဉ်းထောင် တာဝန်ခံအရာရှိရုံးခန်းမ၌ ပြုလုပ်သည်။
လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက နှစ်သစ်ကောင်းမှုကုသိုလ်များ စုပေါင်းဆောင်ရွက်
Apr 18,2023
မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဆင်းရွှေလီဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ပြည်နယ်/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မိသားစုများကအလှူငွေ၊ စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြသည်။
မြို့သစ်မြို့၌ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
Apr 18,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ နှစ်သစ်ကူးမင်္ဂလာမြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စျေးဝန်းမင်းကျောင်းပရိရတ္တိ စာသင်ကျောင်းတိုက်ရှေ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှေ့ထိ ဗိုလ်ချုပ်လမ်းတစ်လျှောက်၌ ယမန်နေ့ နံနက် ၇ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်ကောင်းမှုပြုလုပ်သူများစည်ကားလျက်ရှိ
Apr 18,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘုန်းတော်ကြီးကျောင်းများ၌ ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။
ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်
Apr 18,2023
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့ မြို့မရွှေကျောင်းတိုက်မှ ဆရာတော်ကြီးများနှင့်သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူ
Apr 18,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ရှိ မြို့မရွှေကျောင်းဘုန်းတော်ကြီးကျောင်းအတွင်း၌ သီတင်းသုံး နေထိုင်တော်မူကြကုန်သော ဆရာတော်ကြီးနှင့် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ယောဂီများ တရားကျင့်ကြံပွားများ အားထုတ်ရာ၌ ဆွမ်းအဆင်ပြေစေရေးအတွက် ကျောက်တော်မြို့ပေါ် ရပ်ကွက်နေပြည်သူများမှ ယမန်နေ့ညနေ ၅ နာရီကအချိန်က ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ်ဒါနပြု လောင်းလှူခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ကောင်းမှုကုသိုလ်အဖြစ် သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်
Apr 18,2023
ပျော်ဘွယ်မြို့နယ်တွင် ၁၃၈၅ ခုနှစ်၊နှစ်သစ်ကူးအခါသမယနေ့ဖြစ်သော မြန်မာနှစ်ဆန်း(၁)ရက်၊ ဧပြီလ (၁၇)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အလှူရှင်များ စုပေါင်း၍ သက်ကြီးပူဇော်ပွဲများ၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း စသည့် ကုသိုလ်ကောင်းမှုတို့ကို ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
သက်ကြီးဘိုးဘွားပူဇော်ပွဲနှင့်  ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကျင်းပ
Apr 18,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် နှစ်ဆန်း (၁)ရက်နေ့ နှစ်သစ်ကူးအခါသမယနေ့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော သက်ကြီးဘိုးဘွား ပူဇော်ပွဲ  အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီခွဲက တိုက်ကြီးမြို့နယ် ဘူတာရပ်ကွက် ရန်ကုန် - ပြည်လမ်းရှိ ဗဟိုမဏ္ဍပ်၌  ကျင်းပကြောင်းသိရသည်။