ရေတာရှည်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပမည်
Apr 12,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ အမှတ်(၁)ရပ်ကွက်ရှိ မင်္ဂလာကန်တော်ကန်ပတ်လမ်းတွင် လမ်းလျှောက်သင်္ကြန် ဖျော်ဖြေရေး/ရေကစားမဏ္ဍပ် ယိမ်းအကပြိုင်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။