လားရှိုး ဧပြီ ၁၈
မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဆင်းရွှေလီဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ပြည်နယ်/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မိသားစုများကအလှူငွေ၊ စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် မိသားစုများက လားရှိုးမြို့၊ ဆင်းရွှေလီဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား အလှူငွေနှင့် စားသောက်ဖွယ်ရာများလှူဒါန်းခြင်း၊ ခြေလက်များသန့်ရှင်းပေးခြင်းများ ဆောင်ရွက်ပေးရာ ဘိုးဘွားများက နှစ်သစ်ဆုတောင်းမေတ္တာပို့သပေးခဲ့သည်။
ဆက်လက်၍ လားရှိုးခုတင်၅၀၀ဆံ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာလှထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသခြင်းနှင့် လိုအပ်သည့် ဆေးဝါများထောက်ပံ့ပေးအပ်ခြင်းများဆောင်ရွက်ခဲ့သည်။
ထို့နောက် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ ညနေပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ မိဘများအား စုပေါင်းကန်တော့ခြင်း၊ နှစ်ဦးပရိတ်တရားနာယူခြင်းများစုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)