မြို့သစ်မြို့၌ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

မြို့သစ် ဧပြီ ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ နှစ်သစ်ကူးမင်္ဂလာမြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စျေးဝန်းမင်းကျောင်း ပရိရတ္တိစာသင်ကျောင်း တိုက်ရှေ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှေ့ထိ ဗိုလ်ချုပ်လမ်းတစ်လျှောက်၌ ယမန်နေ့ နံနက် ၇ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများအပါအဝင် ရပ်ဝေးရပ်နီးမှစေတနာရှင်၊ အလှူရှင်များက ဆွမ်းဆန်နှင့်ဝတ္ထုငွေတို့ကို လောင်းလှူခဲ့ကြရာ မြို့နယ်အတွင်းရှိ သံဃာတော်အပါး (၂၅၀) ကျော်တို့က ဆွမ်းဆန်စိမ်း အလှူခံကြွရောက်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်ဆက်)