ကျောက်တော် ဧပြီ ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ရှိ မြို့မရွှေကျောင်းဘုန်းတော်ကြီးကျောင်းအတွင်း၌ သီတင်းသုံး နေထိုင်တော်မူကြကုန်သော ဆရာတော်ကြီးနှင့် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ယောဂီများ တရားကျင့်ကြံပွားများ အားထုတ်ရာ၌ ဆွမ်းအဆင်ပြေစေရေးအတွက် ကျောက်တော်မြို့ပေါ် ရပ်ကွက်နေပြည်သူများမှ ယမန်နေ့ညနေ ၅ နာရီကအချိန်က ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ်ဒါနပြု လောင်းလှူခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလှူဒါန်းလောင်းလှူရာ ဆရာတော်သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ယောဂီသူတော်စင်များမှ မိမိတို့အိမ်ရှေ့အရောက် မြို့တစ်ပတ်လှည့်လည်၍ ဆွမ်းဆန်တော်အလှူခံလှည့်လည်ရာ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပြည်တည်သည်ရပ်ကွက်၊ ပိုက်သည်ရပ်ကွက်၊ မြို့သစ်ရပ်ကဖွက်နှင့် ရွာမရပ်ကွက်နေ ကုသိုလ်ရှင်၊ ပါရမီရှင်အလှူရှင်ပြည်သူများက နေ့ဆွမ်းနှင့်အာရုံဆွမ်းအဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်များ လှူဒါန်းလောင်းလှူခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း