ကွမ်းလုံမြို့၌ သံလွင်တံတား(ကွမ်းလုံ) တံတားဆက်ခြင်းအခမ်းအနားကျင်းပ
Apr 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Grant AID အကူအညီဖြင့် တည်ဆောက်လျှက်ရှိသော သံလွင်တံတား(ကွမ်းလုံ) တံတားဆက်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က အဆိုပါတံတားပေါ်၌ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းမြင့်နှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချမ်းမြို့ ပြည်သူ့အစိုးရမှ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ ယဉ်ဝင်ကျန်း နှင့် တာဝန်ရှိသူများ၊ Yunnan Sunny Road & Bridge Co, ltd.မှ ကုမ္မဏီဉက္ကဋ္ဌ ရွှင်ကျားကျိန်းနှင့် တာဝန်ရှိသူများ၊ ကွမ်းလုံမြို့တွင်နေထိုင်သည့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ ကြသည်။