ပေါက်တော ဧပြီ ၁၈
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘုန်းတော်ကြီးကျောင်းများ၌ ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပေါက်တောမြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းများနှင့် မြို့နယ်အတွင်းကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် သံဃာတော်အရှင်သူမြတ်များအား ဆွမ်းလောင်း၊ ဆွမ်းကပ်ကုသိုလ်ပြုခြင်း၊ ဥပုသ်သီလဆောက်တည်များကို ဆွမ်းကျွေးလှူဒါန်းခြင်း၊ ပြည်သူများအနေဖြင့် ဘုရားကျောင်းကန်ဇရပ်များတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘဝနာအားထုတ်ခြင်း၊ သက်ကြီးဘိုးဘွားများအားပူဇော်ကန်တော့ခြင်း စသောအလှူဒါနကုသိုလ်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)