ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်

ဆီဆိုင် ဧပြီ  ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဆီဆိုင်မြို့၊ ဟိုခဲရပ်ကွက်ရှိ ဥတ္တရာရုံ စာသင်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့မှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်တော်မူကြသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ်ဖြင့်ရွတ်ဆိုပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)