ဖျာပုံအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား (၁၂) ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေး

ဖျာပုံ ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ဖျာပုံအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား (၁၂) ဦးအား ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံအကျဉ်းထောင် တာဝန်ခံအရာရှိရုံးခန်းမ၌ ပြုလုပ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁၇-၄-၂၀၂၃) ရက်စွဲပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် အမှတ် (၂၈/၂၉/၂၀၂၃)ဖြင့်အကျဉ်းထောင်/အချုပ်/စခန်းများတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ပုဒ်မခွဲ (၁) အရ" နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသောစည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့၏ ကျခံရန်ရှိသော ပြစ်ဒဏ်အပေါ် လျော့ပေါ့၍ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ပါဝင်သော ဖျာပုံအကျဉ်းထောင်မှအကျဉ်းသား (၁၂)ဦးအား၊ အကျဉ်းထောင်၏ တာဝန်ခံအရာရှိရုံးခန်းမ၌ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးနိုင်လင်း၊ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်လေး၊    ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးဌေးနိုင်ဦး၊ ဖျာပုံခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးဦးဇော်နိုင်အေး၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ဖျာပုံ အကျဉ်းထောင် တာဝန်ခံအရာရှိ ဦးဇော်ထွန်းဦးတို့မှ ဆုံးမသြဝါဒစကားများပြောကြားပြီး၊ ဖျာပုံအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား (၁၂) ဦးအား ပြစ်ဒဏ်မှလွတ် ငြိမ်းခွင့်ပေးခဲ့ ကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်