သတင်းများ

မိုင်းယောင်းမြို့နယ် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်
Apr 12,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားအတွက် အစမ်းလေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အဆိုပါမဏ္ဍပ်၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံ ၇၈၅၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ သတ်မှတ်လျာထားဧက ပြည့်မီစေရေး ဒေသခံတောင်သူများ ကြိုးပမ်းစိုက်ပျိုး
Apr 12,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဒေသတွင်းရှိ တောင်သူများသီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ တစ်မြို့နယ်လုံး နွေစပါးစိုက်ဧက ၂၉၆၁၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကာ ယနေ့အထိ နွေစပါးသီးနှံ စိုက်ဧက ၇၈၅၉ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပလင်းကမ်းသာယာဆင်စခန်း သင်္ကြန်ရုံးပိတ်ရက်များအတွင်း ခရီးသွားဆင်ချစ်သူများဝင် ရောက်မှုများပြားလာ
Apr 12,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်းသို့ သင်္ကြန်ကာလရုံးပိတ်ရက်များတွင်  ခရီးသွားဆင်ချစ်သူများဝင်ရောက်လည် ပတ်မှုများပြားလာကြောင်း ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ရှိသူများထံကသိရသည်။
တောင်ငူမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပမည်
Apr 12,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ၁၃၈၄ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကို ပြည်သူများအေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်အတွက် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့၌ ဖျော်ဖြေရေး/ရေကစားမဏ္ဍပ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်
Apr 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၏ကြီးကြပ်မှုဖြင့် ပင်းတယမြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ ဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား  စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်
Apr 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်း မြို့နယ်၌ ၂၀၂၃-ခုနှစ် ဧပြီလ(၁၃)ရက်နေ့မှ ဧပြီလ (၁၆)ရက်နေ့အထိ ကျင်းပမည့် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်အား မြန်မာ့ရိုးရာယဉ်ကျေးမှုများနှင့်အညီ ရေကစားမဏ္ဍပ်များ ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ စတုဒီသာအလှူ ကျွေးမွေးခြင်းများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။
ဇွန်ပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ရရှိသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိ
Apr 12,2023
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ထားဝယ်ကျေးရွာတွင် နေထိုင်ကြသော ပြည်သူများ အနေဖြင့် ဇွန်ပန်းများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ဇွန်ပန်းများ ခူးဆွတ် ရောင်းချနေရသောကြောင့် ဇွန်ပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့တွင်ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်လူငယ်များမှနွေရာသီ Camp ရက်တိုသင်တန်းဖွင့်လှစ်
Apr 12,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့တွင် ဇိုင်းယာန်းနှစ်ခြင်း အသင်းတော်လူငယ်များမှ ဦးဆောင်၍  လူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင်  အသိပညာ၊ အတတ်ပညာများဖွံ့ဖြိုး တိုးတက်စေရန် ၊ အားလပ်ချိန်ကို  အကျိုးရှိစွာတန်ဖိုးထားတတ်စေရန်၊  အသိပညာဗဟုသုတတိုးပွားစေ ရန်အတွက်  ဧပြီလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဇိုင်းယာန်းနှစ်ခြင်း ဘုရားကျောင်းတွင်  လူငယ်ရက်တို သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။