ပျော်ဘွယ် ဧပြီ ၁၈
ပျော်ဘွယ်မြို့နယ်တွင် ၁၃၈၅ ခုနှစ်၊နှစ်သစ်ကူးအခါသမယနေ့ဖြစ်သော မြန်မာနှစ်ဆန်း(၁)ရက်၊ ဧပြီလ (၁၇)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အလှူရှင်များ စုပေါင်း၍ သက်ကြီးပူဇော်ပွဲများ၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း စသည့် ကုသိုလ်ကောင်းမှုတို့ကို ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
"ယနေ့မှာဆိုရင် ကျွန်တော်တို့ မြင်းဘက်ရပ်ကွက်အနေနဲ့ အသက်(၈၀)နှင့်အထက် အဘိုး အဘွား(၅၀)ဦးကို ငွေကျပ်(၁၅၀၀၀)နှင့် အဘိုးတစ်ဦးကို ပုဆိုးတစ်ကွင်း၊ အဘွားတစ်ဦးကို လုံချည်တစ်ကွင်း ကန်တော့နိုင်ခဲ့ပါတယ်၊ သွားလာနိုင်တဲ့ အဘိုးအဘွားတွေကိုတော့ စုရပ်ဖြစ်တဲ့ဘုန်းတော်ကြီးကျောင်းမှာ ကန်တော့ခဲ့ပြီး အချို့အဘိုးအဘွားတွေကိုတော့ အိမ်အရောက်သွားပြီး ကန်တော့ခဲ့ခြင်းဖြစ်ပါတယ်၊ ထူးခြားမှုက ဘာသာမရွေးဘဲ ကန်တော့ခဲ့ခြင်းဖြစ်ပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနှစ်ဆန်းတစ်ရက် အခါသမယနေ့တွင် မြို့ပေါ်ရပ်ကွက်များတွင်သာမက ကျေးရွာများတွင်လည်း သက်ကြီးပူဇော်ပွဲများ၊ အန္တရာယ်ကင်းရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများ စသည့် ကုသိုလ်ကောင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)