သက်ကြီးဘိုးဘွားပူဇော်ပွဲနှင့်  ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကျင်းပ

တိုက်ကြီး ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် နှစ်ဆန်း ()ရက်နေ့ နှစ်သစ်ကူးအခါသမယနေ့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော သက်ကြီးဘိုးဘွား ပူဇော်ပွဲ  အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီခွဲက တိုက်ကြီးမြို့နယ် ဘူတာရပ်ကွက် ရန်ကုန် - ပြည်လမ်းရှိ ဗဟိုမဏ္ဍပ်၌  ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးမြဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များက ဘိုးဘွားများအား ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြပြီး ဘိုးဘွား (၄၀)ဉီးတို့အား အလှူငွေနှင့် ကန်တော့ပစ္စည်းများအား လှူဒါန်းကြသည်။ ဆက်လက်၍ ဘိုးဘွားများကိုယ်စား  အဘိုးတစ်ဉီးက ဆုပေးစကားပြန်လည်ပြောကြားသည်။

  ထို့နောက် နံနက် ၉ နာရီတွင် တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် မလေးရှားဝိုင်ကျေးရွာအုပ်စု မေတ္တာအေးကျေးရွာအနီးရှိ ဖူးကြီးရေလှောင်ကန်၌ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက  ငါးခုံးမကြီး ကောင်ရေ(၁၀၀၀၀)၊ ငါးမြစ်ချင်း ကောင်ရေ (၁၀၀)၊ တီလားဗီးယား ကောင်ရေ (၁၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၁၀၂၀၀)ကောင်ကို ဇီဝိတဒါနဘေးမဲ့လွှတ်ကုသိုလ်ပြုခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန် / ဆက်)