သတင်းများ

ပွင့်ဖြူမြို့နယ်၌ နှစ်ဆန်းတစ်ရက်နေ့ အခါသမယ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့
Apr 18,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်နန်းတော်ကျွန်းကျေးရွာအုပ်စုရှိ သက်ကြီးဘိုးဘွားများအား နှစ်ဆန်းတစ်ရက်နေ့ အခါသမယ ပူဇော်ကန်တော့ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ၌ ကျင်းပသည်။
သထုံမြို့နယ်၊ ဂေါ့ကျေးရွာ ရွာကြီးပိုင်း၌ နှစ်သစ်ကူးအထိမ်းအမှတ် သက်ကြီးဘိုးဘွားပူဇော်ပွဲ ကျင်းပပြုလုပ်
Apr 18,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာ၊ ရွာကြီးပိုင်းရှိ လူငယ်လူရွယ်များပူးပေါင်းကာ နှစ်သစ်ကူးအထိမ်းအမှတ် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ခြင်းတို့ကို ယမန်နေ့(မြန်မာနှစ်ဆန်းတစ်ရက်နေ့) မွန်းလွဲပိုင်းက ဂေါ့ရွာကြီးပိုင်း ရွာပိုင်အဘိုးနတ်နန်း၌ ပြုလုပ်ခဲ့ကြသည်။
မြင်းခြံမြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲ ကျင်းပ
Apr 18,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အသက် (၉၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကို ယမန်နေ့နံနက် (၉) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မုံရွာမြို့အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသူ (၅)ဦး လွတ်ငြိမ်းခွင့်ရရှိ
Apr 18,2023
၂၀၂၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနှစ်သစ် မင်္ဂလာအခါသမ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား/သူများအား ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အကျဉ်းဦးစီးဌာန၊ မုံရွာ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူများမှ အကျဉ်းသား  စုစုပေါင်း (၅) ဦးကို ဧပြီလ ၁၇  ရက်နေ့က လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ နှစ်ဦးဆွမ်းကပ်လှူပွဲများ ပြုလုပ်
Apr 18,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်သစ်ကူးအခါသမယတွင် နှစ်ဦး ဆွမ်းကပ်လှူပွဲများကို ယနေ့ နံနက်ပိုင်းက ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကျင်းပ
Apr 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့အချိန် မြန်မာတို့၏ဓလေ့ရိုးရာအရ နှစ်သစ်ကုသိုလ်ကောင်းမှုများပြုကြရာတွင် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကို ယမန်နေ့မွန်းတည့်ချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့အခါသမယတွင် ရမ်းဗြဲမြို့၌ ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားစေတီများတွင် တံခွန်တင်လှူကုသိုလ်ပြုလုပ်
Apr 18,2023
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြန်မာနှစ်ဆန်းသမယတွင် မြို့ပေါ်ရပ်ကွက်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဆရာပူဇော်ကန်တော့ပွဲနှင့် ဘုရားစေတီများတွင် တံခွန်များပူဇော် လှူဒါန်းကြသည်။
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား (ပြည်ချစ်ဘုရား)ကို လာရောက်ဖူးမြှော်သူများပြား
Apr 18,2023
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား (ပြည်ချစ်ဘုရား) လာရောက်ဖူးမျှော်သူများပြားခဲ့ကြောင်း သိရသည်။