သတင်းများ

ဆီဆိုင်မြို့၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်သင်ကြားပေး
Apr 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဆီဆိုင်မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ဆီဆိုင်မြို့အခြေခံပညာအထက်တန်းကျောင်း၌ သင်ကြားပေးလျက်ရှိသည်။
ကံမမြို့နယ် ပြအောင်းကျေးရွာအုပ်စု စွတ်ခွကျေးရွာတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Apr 08,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြအောင်းကျေးရွာအုပ်စု စွတ်ခွကျေးရွာမှ ပြည်သူများနှင့်     တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက ငွေလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊    ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြသည်။   
နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရာသီပေါ်သခွားမွှေး တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ
Apr 08,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရာသီပေါ်သခွားမွှေးများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သခွားမွှေးစိုက်ပျိုးသူထံက သိရသည်။
တုံတာမြို့၌ “ကလေးလုပ်သားပပျောက်ရေး အလားအလာကောင်းများဖန်တီးပေး”အကြောင်းအသိပညာပေး Talk Show ဆောင်ရွက်
Apr 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ “ကလေးလုပ်သားပပျောက်ရေး အလားအလာကောင်းများဖန်တီးပေး”အကြောင်း အသိပညာပေး Talk Show ရိုက်ကူးဆောင်ရွက်မှုအစီစဉ်ကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ကာလိမြို့၌ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်
Apr 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယမန်နေ့နံနက်(၉)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Apr 07,2023
၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားနိုင်ရေးအတွက်လည်း ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
မိုင်းငေါ့မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Apr 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် မိုင်းငေါ့မြို့တွင်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
"ဘဝနေတတ်မှု အနုပညာ" စာအုပ်ဖြင့် (Book Club) စာပေချစ်သူများအဖွဲ့ဝင်များစုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Apr 07,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာပေချစ်သူများအဖွဲ့ (Book Club) အဖွဲ့ဝင်များနှင့် စာပေချစ်သူလူငယ်များ ပူးပေါင်း၍ "ဘဝနေတတ်မှုအနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။