တုံတာမြို့၌ “ကလေးလုပ်သားပပျောက်ရေး အလားအလာကောင်းများဖန်တီးပေး”အကြောင်းအသိပညာပေး Talk Show ဆောင်ရွက်

တုံတာ ဧပြီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ “ကလေးလုပ်သားပပျောက်ရေး အလားအလာကောင်းများဖန်တီးပေး”အကြောင်း အသိပညာပေး Talk Show ရိုက်ကူးဆောင်ရွက်မှုအစီစဉ်ကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

“ကလေးလုပ်သားပပျောက်ရေး အလားအလာကောင်းများဖန်တီးပေး”ခေါင်စဉ်ဖြင့် မြန်မာနိုင်ငံတွင် ကလေးလုပ်သားပပျောက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများအကြောင်း၊ ကလေးများကို အလုပ်ခိုင်းစေရန်အတွက် အနိမ့်ဆုံးအသက်အရွယ် သတ်မှတ်ချက်မှာ ၁၄ နှစ်ဖြစ်ကြောင်းနှင့် ကလေးများ၏ဘဝပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ကြရမည်အကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာထောက်-၃ ဒေါ်အဲန်းမေရီ၊ ရုပ်/သံ-၃(အင်အားပြ)နာခူနှင့် ငယ်/ရေး(အင်အားပြ)ဒေါ်ရောဇာတို့က အကျယ်တဝန်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကလေးလုပ်သားပပျောက်ရေး အလားအလာကောင်းများ ဖန်တီးပေးအသိပညာပေး Talk Show ရိုက်ကူးလွှင့်တင်ဆောင်ရွက်မှုအစီအစဉ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန တုံတာမြို့ရှိဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဲန်းမေရီ