မိုင်းငေါ့မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မိုင်းငေါ့ ဧပြီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် မိုင်းငေါ့မြို့တွင်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မို့က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောရာတွင် ကလေးငယ်များ လူကုန်ကူးခံရ၍ ခိုင်းစေခံရသည့်ဖြစ်စဉ်များ၊ ကလေးငယ်များအ‌ပေါ် လုပ်အားခေါင်းပုံဖြတ် ခံရမှု မရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေးကို အလေးထားဆောင်ရွက်ရန်၊ ကလေး အလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ ၊ကလေးအလုပ်သမားများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များစသည့် အ‌ကြောင်းအရာများကို  အသိပညာ‌ပေး ဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မူလတန်းအဆင့် ကျောင်းသား/သူ(၂၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့ပြန်/ဆက်)