"ဘဝနေတတ်မှု အနုပညာ" စာအုပ်ဖြင့် (Book Club) စာပေချစ်သူများအဖွဲ့ဝင်များစုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ပေါက်ခေါင်း      ဧပြီ     ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာပေချစ်သူများအဖွဲ့ (Book Club) အဖွဲ့ဝင်များနှင့် စာပေချစ်သူလူငယ်များ ပူးပေါင်း၍ "ဘဝနေတတ်မှုအနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ စာပေဗဟုသုတများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြောကြားခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးကို ပိုမိုသိရှိလာမှာဖြစ်ကြောင်း ပြောကြားပြီး၊ စာရေးဆရာ မောင်ကျေးဇူးရေးသားသည့် "ဘဝနေတတ်မှုအနုပညာ" စာအုပ်မှ ခေါင်းစဉ်ခွဲများကို (Book Club) အဖွဲ့ဝင်များက တစ်ဦးခြင်းဖတ်ကြားခဲ့ရာ တက်ရောက်လာသူများက တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါစာအုပ်တွင် "လူ့ဘဝမှာအရေးအကြီးဆုံးက လူအများအတွက် သင်ဘာလုပ်ပေးနိုင်တယ် ဆိုတာပဲ၊ လူအများကသင့်အတွက် ဘာလုပ်ပေးနိုင်တယ်ဆိုတာမဟုတ်ဘူး လူ့ဘဝမှာ အနေတတ်အောင် စိတ်နေစိတ်ထားဖြောင့်မတ်မှန်ကန်အောင် တွေးခေါ်ယူဆတတ်အောင် သဘာဝအလှအပကို ခံစားတတ်အောင် ရှေးပညာရှိတို့၏ လမ်းညွှန်စကားများကို ခံယူကျင့်သုံးတတ်အောင် စသည့်မှတ်သားဖွယ်ရာ စာပေဗဟုသုတများကို အချင်းချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များနှင့် စာပေချစ်သူလူငယ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)