သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မဟာသင်္ကြန်ကာလ ဒုလ္လဘရဟန်းခံဝန်ထမ်းများအား မိသားစုဝင်များနှင့်အတူ လှူဖွယ်ပစ္စည်းများ သိမ်ဆင်းလောင်းလှူပူဇော်
Apr 08,2023
မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မဟာသင်္ကြန်ကာလအတွင်း ဒုလ္လဘရဟန်းခံအလှူမင်္ဂလာပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိရာ ယမန်နေ့နံနက် ၉ နာရီတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ စုပေါင်းဒုလ္လဘရဟန်းခံ အလှူမင်္ဂလာကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ဆုတောင်းပြည့်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
သန်လျင်မြို့နယ် ကရင်ဆိပ်-ချောင်းစောက်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
Apr 08,2023
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကရင်ဆိပ်-ချောင်းစောက်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီတွင် အဆိုပါလမ်းသစ်မုခ်ဦး၌ ကျင်းပသည်။
ဟိုပန်၌ “ဝ”နှစ်ခြင်းခရစ်ယာန်အသင်းတော်(WBC)၏ နှစ်(၅၀)ပြည့် ရွှေရတုကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားပြုလုပ်
Apr 08,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့ “ဝ”နှစ်ခြင်းခရစ်ယာန်အသင်းတော်(WBC)၏ နှစ်(၅၀)ပြည့် ရွှေရတုကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌  “ကမ္ဘာ့ကျန်းမာရေးနေ့” အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ်
Apr 08,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များ နှင့်ပူးပေါင်း ၍ စာရေးဆရာ ကြည်လွင်မြင့်(မုဒြာ) ရေးသားသည့် “အသက် ၁၀၀ နေလိုပါသလား” စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Apr 08,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ဧပြီ(၇)ရက်နံနက်(၁၀)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအသင်းတို့ ပူးပေါင်းပြီး မိသားစု တစ်နိုင်တစ်ပိုင်လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေရရှိရေး ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ် Community Centre ခန်းမ၌ အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်အကြောင်း အသိပညာပေး Talk Show ကျင်းပ
Apr 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်အကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁၀  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
နွေရာသီ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဆင်းပွဲကျင်းပ
Apr 08,2023
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များပညာရည်မြင့်မားဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရည်ရွယ်ပြီး ရေဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံအင်္ဂလိပ်စာ  Grammar သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အခြေခံရှေးဦးပြုစုနည်း သင်တန်းဖွင့်လှစ်ပြီးစီး
Apr 08,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဧပြီ ၅ ရက်မှစ၍ အခြေခံရှေးဦးပြုစုနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။