သတင်းများ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ နှစ်သစ်ကူးအလှူ အထိမ်းအမှတ်အဖြစ် ကျိုင်းတုံမြို့ ဓမ္မရက္ခိတ သီလရှင်စာသင်တိုက်နှင့် အမေ့ရင်ခွင် (ပရဟိတ)ကျောင်းများအတွက် ဆန်နှင့် အခြေခံစားသောက်ကုန်များလှူဒါန်း
Apr 07,2023
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ ဓလေ့ကိုထိန်းသိမ်းခြင်းနှင့်အတူ နိုင်ငံနှင့်အဝှမ်း လှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဓမ္မရက္ခိတ သီလရှင်စာသင်တိုက် နှင့် အမေ့ရင်ခွင် (ပရဟိတ)
ဆင်​ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (Youth Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်
Apr 07,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသော “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Apr 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများစာပေများဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာချစ်ဦးညို၏တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဥ်ကျေးမှုမျက်နှာစာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်
Apr 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီအချိန်က သစ်တောပျိုးဉယျာဉ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြူး-အုတ်ဖြတ်-မုန်းလမ်းမပေါ်ရှိ ကတ္တရာလမ်းနှင့် သံကူကွန်ကရစ်တံတားတိုးချဲ့ခြင်း လုပ်ငန်းရာနှုန်းပြည့် ပြီးစီး
Apr 07,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းဖြင့် ဆောင်ရွက်သော ဖြူး-အုတ်ဖြတ်- မုန်းလမ်းမပေါ်ရှိ မိုင်တိုင် (၁၃/၀)မှ မိုင်တိုင်(၁၃/၃)အတွင်း ကတ္တရာလမ်းနှင့်သံကူကွန်ကရစ်တံတားတိုးချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးသွားသောကြောင့် လမ်းပန်းဆက်သွယ်ရေးအတွက် ပိုမိုအဆင်ပြေလာကြောင်း သိရသည်။
ဖြူးမြို့နယ် Community Centre တွင် ပြုလုပ်သည့် အခြေခံပန်းချီသင်တန်း ဆင်းပွဲကျင်းပ
Apr 07,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီ၊ ပန်းပုကျောင်းဆင်းများပူးပေါင်း၍ နွေရာသီကျောင်းပိတ်ချိန်ကာလတွင် ကျောင်းသား/ ကျောင်းသူများ အနေဖြင့် အခြေခံပန်းချီပညာကို တတ်မြောက်သွားစေရန်အတွက် ရည်ရွယ်၍ နွေရာသီပန်းချီသင်တန်း(အခမဲ့)ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့၊ နံနက်(၉)နာရီ အချိန်က ဦးစီးဌာန Community Centre ခန်းမ တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်နှင့် အားကစားအသိပညာပေးဟောပြောပွဲကျင်းပ
Apr 07,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်နှင့်အားကစားအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ ဧရာဝတီမြစ်တဖက်ကမ်းရှိမြစ်ရေကျ၍ မြေနုကျွန်းပေါ်တွင် ဆောင်းသီးနှံများစိုက်ပျိုးရန်အတွက် မြေနေရာအားကွင်းဆင်းကြည့်ရှု
Apr 07,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဧရာဝတီမြစ်တဖက်ကမ်းရှိ မြစ်ရေကျ၍ မြေနုကျွန်းပေါ်တွင်ဆောင်းသီးနှံများ စိုက်ပျိုးရန်အတွက် မြေနေရာအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။