သတင်းများ

ဗန်းမောက်မြို့၌ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်
Apr 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့နေ့လည် (၁း၀၀) အချိန်က ဆောင်ရွက်ခဲ့သည်။
ကျွန်းစုမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကျင်းပ
Apr 06,2023
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁ဝ) နာရီအချိန်က ကျွန်းစုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ကျင်းပခဲ့သည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ လက်ဝှေ့သင်တန်း ဖွင့်လှစ်သင်ကြားပေး
Apr 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေး၊ အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ အခြေခံလက်ဝှေ့သင်တန်းကို နေ့စဥ် နံနက် (၁၀)နာရီမှ နံနက် (၁၁)နာရီခွဲထိ သင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်၌ တောဆင်ရိုင်းအနင်းခံရသဖြင့် သေဆုံးသူတစ်ဦးနှင့် နေအိမ်တစ်လုံးပြိုကျပျက်စီးမှုအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်
Apr 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာအုပ်စုတွင် တောဆင်နင်းခံ သေဆုံးသူ တစ်ဦး၊ ကွင်းကောက်ကျေးရွာအုပ်စုတို့တွင် ထူးခြားဘေး (တောဆင်ရိုက်ချိုးဖျက်စီးမှုကြောင့်) နေအိမ်တစ်လုံး ပြိုကျပျက်စီးမှုတို့အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးရန်ပုံငွေနှင့်ပစ္စည်းများကို ယနေ့ ဧပြီလ ၅ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ထူးခြားဘေး (တောဆင်နင်းခံ၊ ရိုက်ချိုးဖျက်စီးမှုခံ)သင့် ပြည်သူများနှင့်သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ပန်းတနော်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်
Apr 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အစီအစဥ်အရ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်း က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေး
Apr 06,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ်က ဌာနဆိုင်ရာရုံးများသို့ လှည့်လည်ငှားရမ်းပေးလျက်ရှိသည်။
ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၊ ကလေးစာဖတ်ခန်း၌ ကျောင်းသားလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများဆောင်ရွက်ပေး
Apr 06,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ နွေရာသီကျောင်းပိတ်ရက်များတွင်အချိန်ကို အကျိုးရှိစွာအသုံးချတတ်လာစေရေးအတွက်  ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ကလေးငယ်များအား ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဂွမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Apr 06,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ ပါဝင်သည့် (Club)အဖွဲ့ဝင်များ ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာ အောင်ကိုဦး(UMK) ရေးသားသည့် လူငယ်တွေစဥ်းစားဖို့ စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။