ကာလိ ဧပြီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယမန်နေ့နံနက်(၉)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ငုဝါက လူငယ်နှင့်စာရိတ္တခေါင်းစဉ်နှင့်ပတ်သတ်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ Online မှ တစ်ဆင့်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ငုဝါက လူငယ်များအနေဖြင့် စာရိတ္တကောင်းမွန်အောင် ဘယ်လိုပြုမူနေထိုင်သင့်သလဲနှင့် စာရိတ္တအမြင်များကို ဆွေးနွေးမေးမြန်းခဲ့ပြီး Grade-9 မှ ခင်မိုးဝေက လူငယ်နှင့်စာရိတ္တဆိုသည်မှာ ငယ်ရွယ်စဉ်ကပင်အကျင့်ကောင်းများကို လေ့ကျင့်သင်ကြားပေးခြင်း၊ မိဘဆရာရိုသေခြင်း၊ ကြီးသူရိုသေရွယ်တူလေးစား ငယ်သူကိုသနားကြင်နာတက်ခြင်း၊ ဟုတ်သောအကြံမှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးနှလုံးသွင်းကာ ပြုမူနေထိုင်သင့်သည့်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတများ ရရှိစေရေးအတွက် Online မှတစ်ဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထင်ထင် (ကာလိ၊ပြန်/ဆက်)