သီပေါမြို့နယ်တွင် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်
Apr 08,2023
မိသားစုတစ်ပိုင်တစ်နိုင်အိမ်တွင်းမှုလုပ်ငန်းများမှတစ်ဆင့် အပိုဝင်ငွေတိုးတက်ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကိုယ်တိုင်ပြုလုပ်၍အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျ သက်သာစေရန်တို့အတွက်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီက ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။