နတ်မောက် ဧပြီ ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရာသီပေါ်သခွားမွှေးများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သခွားမွှေးစိုက်ပျိုးသူထံက သိရသည်။
“ သခွားမွှေးများကို ကျွန်မတို့ ငယ်ငယ်တုန်းကတော့ ရွာရဲ့အနောက်ဘက်မှာရှိတဲ့ ယင်းချောင်းထဲမှာ ကြက်သွန်နီ၊ အာလူး၊ ခရမ်းချဉ်များဖြင့် ရောနှောပြီး သခွားမွှေးကို စိုက်ပျိုးကြတာပါ၊ ခုချိန်မှာတော့ မိမိတို့ ပိုင်ဆိုင်တဲ့ဉယျာဉ်ခြံမြေများထဲမှာ မြေအောက်ရေသွင်းခြင်းဖြင့် သခွားမွှေးများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထား ပါတယ်၊ သခွားမွှေးမျိုးများကိုတော့ မင်းဘူးမြို့နယ်မှ ဝယ်ယူခြင်းဖြစ်ပြီး သခွားမွှေးအစေ့များကို ကျင်းတူးစိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ ကျင်းများကို လေးထောင်ကွာထားပြီးစိုက်ပျိုးထားကြောင်း၊ တပို့တွဲလဆန်းမှာ စိုက်ပျိုးထားတဲ့ သခွားမွှေးများ ခုဆိုရင် ခူးယူရောင်းချနေပါပြီ၊ သခွားမွှေးအလုံးအသေးအကြီးပေါ်မူတည်၍ တစ်လုံးကို (၁၀၀၀)မှ ၁၅၀၀)အထိ ရောင်းရပါတယ်၊ မျိုးစေ့ဘိုးကလည်း ဈေးကြီးပေးဝယ် စရာမလိုတဲ့အတွက် သခွားမွှေးများကို စိုက်ပျိုးသင့်ကြောင့်” သခွားမွှေးစိုက်ပျိုးသူ ကြူအိုင်ကျေးရွာမှ မနွယ်ကပြောသည်။
မူမူစန်း