သတင်းများ

မိုးကောင်းမြို့ (Community Centre) ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Apr 07,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထွန်းသစ်စမူကြိုကျောင်းတို့ ပူးပေါင်း၍ ကဗျာရွတ်ပြိုင်ပွဲကို Community Centre ခန်းမ၌ ယမန်နေ့ လယ်(၁)နာရီတွင် ကျင်းပခဲ့သည်။
ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Apr 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းထောက်များအတွက် ပြည်သူ့ဆက်ဆံရေး သင်ခန်းစာမှတ်စု လက်စွဲ စာစောင်အား ဝန်ထမ်းများ စုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Apr 07,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၉နာရီက လူထုအခြေုပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
လိပ်သိုမြို့၌ ဈေးဆိုင်များ၊ စတိုးဆိုင်များနှင့် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများဆောင်ရွက်
Apr 07,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အတွင်းရှိ ဒေသခံပြည်သူများ ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအသောက် ဘေးကင်းလုံခြုံမှုရှိစေရန် မြို့ စည်ပင်သာယာရေးအဖွဲ့၏ ဉီးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းကာယမန်နေ့ နံနက် (၁၀) နာရီအချိန်က လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ အိမ်ဆိုင်များ၊ စတိုးဆိုင်များနှင့် စားသောက်ဆိုင်များအား ကွင်းဆင်း စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ဒုတိယအကြိမ် သင်္ကြန်အထူညတရားပွဲ ကျင်းပပြုလုပ်မည်
Apr 07,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သာသနာ့ဆွေတော်မျိုးတော်ဝေယျာဝစ္စအသင်းမှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် သင်္ကြန်အထူးညတရားပွဲကို (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
Apr 07,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် ပြည်ကြီးတံခွန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စုရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း လမ်းဘေးဝဲယာရှိ ကုက္ကိုပင်ကိုင်းခြောက်များ ခုတ်ထွင်ရှင်းလင်း
Apr 07,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စုရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် လမ်းဘေးဝဲယာရှိ ကုက္ကိုပင်ကိုင်းခြောက်များ ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ခေတ်အေးကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များက ဆောင်ရွက်ခဲ့သည်။
ရေဖြူမြို့နယ်၊ ဖားချောင်း-မင်းလက်ကျ-တောင်ရင်းအင်း-ဆယ်အိမ်စု (ကလိန်အောင်-ကံပေါက်သို့ဆက်သွယ်သည့်) ကျောက်လမ်း ၉/၀ မိုင်အနက် ၁/၀ မိုင်ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Apr 07,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့်လမ်း ပန်းဆက်သွယ်ရေးကဏ္ဍများကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြက် ဆောင်ရွက်ပေးလျက်ရှိရာတနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဖားချောင်း-မင်းလက်ကျ-တောင်ရင်းအင်း-ဆယ်အိမ်စု(ကလိန်အောင်-ကံပေါက်သို့ ဆက်သွယ်သည့်) ကျောက်လမ်း ၉/၀ မိုင်အနက် ၁/၀ မိုင်ကွန်ကရစ်ခင်း ခြင်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်းသိရသည်။