ကန့်ဘလူ ဧပြီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းထောက်များအတွက် ပြည်သူ့ဆက်ဆံရေး သင်ခန်းစာမှတ်စု လက်စွဲ စာစောင်အား ဝန်ထမ်းများ စုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းမောင်က သတင်းထောက်များ လိုက်နာရ မည့် အချက်(၁၀)ချက်ပါ ခေါင်းစဥ်များအလိုက် ရှင်းလင်းဆွေးနွေးပြီး ဓာတ်ပုံကျွမ်းကျင် -၂ ဦးအောင်ဝင်းငြိမ်းက V သုံးလုံးဖြင့် ထိရောက်အောင် သတင်းတင်ဆက်ခြင်းတွင် စကားလုံးများ၊ အသံများ၊ အမြင်များဖြင့် ဆက်သွယ်ခြင်း၊ ကြိုတင်ပြင်ခြင်း၊ ရည်ရွယ်ချက်၊ ဦးတည်ပရိတ်သတ်၊ သတင်းစုဆောင်းခြင်း၊ လိုအပ်သည့်ပစ္စည်းများ ခေါင်းစဥ်များအလိုက် ရှင်းလင်းဆွေးနွေး၍ လည်းကောင်း၊ စာကြည့်တိုက်မှူး (ရုပ်သံကျွမ်းကျင်-၃) ဒေါ်သိန်းသိန်းမော်က အဖွင့်စကားနှင့် အပိတ်စကား၊ သတင်းအကြောင်း အရာ ရွေးချယ်ခြင်း၊ သတင်းပေးခြင်း၊ ဖျော်ဖြေပေးခြင်း၊ ပညာပေးခြင်း၊ သတင်းတည်ဆောက်ခြင်း ခေါင်းစဥ်များအလိုက် ရှင်းလင်းဆွေးနွေး၍လည်းကောင်း၊ စကားပြောဆိုရာတွင် လိုက်နာရမည့်အချက်များတွင် ရုပ်သံကျွမ်းကျင်-၃ ဒေါ်အိအိသင်းက လူအများနှင့် ဆက်သွယ်ခြင်း၊ အသံအကြောင်း၊ ခွန်အားပါသည့်အသံ၊ အာရုံစိုက်ခံရအောင် စကားပြောခြင်း ခေါင်းစဥ်များအလိုက် ရှင်းလင်းဆွေးနွေး၍ လည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်သန်းသန်းမြင့်က အသံထွက်ပီသရန် လိုအပ်ခြင်း၊ စကားပြောလျှင် ပြုံး၍ပြောပါ၊ စကားပြောရာတွင် သတိပြု ရမည့်အချက်များ၊ စကားအသံနှင့် လေ့ကျင့်ပြင်ဆင်ခြင်း ခေါင်းစဥ်များအလိုက် ရှင်းလင်း ဆွေးနွေး၍လည်းကောင်း အမြင်ခြင်းဖလှယ် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး ဝန်ထမ်းများ၊ စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)