မိုးကောင်းမြို့ (Community Centre) ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

မိုးကောင်း ဧပြီ ၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထွန်းသစ်စမူကြိုကျောင်းတို့ ပူးပေါင်း၍ ကဗျာရွတ်ပြိုင်ပွဲကို Community Centre ခန်းမ၌ ယမန်နေ့ လယ်(၁)နာရီတွင် ကျင်းပခဲ့သည်။

ကဗျာရွတ်ပြိုင်ပွဲတွင် ကျားအကြီးတန်း(၁၉)ဦးနှင့် မအကြီးတန်း(၁၀)ဦးတို့က Sun Flower ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ကျားအငယ် တန်း (၉)ဦးနှင့် မအငယ်တန်း(၄)ဦးတို့က ဘဲကလေးရုပ်ဆိုး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကြသည်။

ထို့နောက် ဆုရရှိသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်နှင့် မူကြိုဆရာမများက ဂုဏ်ပြု လက်ဆောင်ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)