သတင်းများ

တောင်ငူမြို့၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Apr 06,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌  ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ဖျော်ဖြေရေးယိမ်းအဖွဲ့ စီမံရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ မူးယစ်ဆေးဝါးနှင့် စိက်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Apr 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ ကျေးလက်ရေရရှိရေး ဆောင်ရွက်ပြီးစီးခဲ့သော ကျေးရွာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းဆောင်ရွက်
Apr 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ရေရရှိရေး ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Youth Club ဖွဲ့စည်းခြင်းအခမ်းအနားပြုလုပ်
Apr 06,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က Youth Club ဖွဲ့စည်းခြင်း အခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ပေး
Apr 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးနှင့် အမှတ်(၂) ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့၌ “ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Apr 06,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို  ယနေ့ နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre )ခန်းမ၌မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပပြီး  ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Apr 06,2023
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာတို့ပူးပေါင်းပြီး ယနေ့နံနက် (၁၀)နာရီက တံတားဦးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် (၇၆)နှစ်မြောက် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိ
Apr 06,2023
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်  ၅.၄.၂၀၂၃ ရက်နေ့၊ နံနက်ပိုင်းမှစ၍ မြို့နယ်ထွေ/အုပ်ရုံးရှေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၏ Royal Thingyan ရေကစား မဏ္ဍပ်အား စတင်ဆောက်လုပ်ခြင်း၊ ရေကစားရန်အတွက် ရေစုကန် တူးဖော်ခြင်း၊ အန္တရာယ်ရှိနိုင်သည့်လျှပ်စစ်မီးကြိုးများမြှင့်တင်ခြင်း၊ Wifi ကြိုးများရှင်းလင်းခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရသည်။