သတင်းများ

မောက်မယ်မြို့နယ်၌ ရာသီစာမန်ကျည်းရွက်နုပေါ်ချိန် ခူးဆွတ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ
Apr 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများနှင့် ရပ်ကွက်များတွင် ရှေးယခင်က အလေ့ကျ အပင်များနှင့် ဘိုးဘေးဘီဘင်များ စိုက်ပျိုးခဲ့သော မန်ကျည်းပင်များသည် ယနေ့ သားစဉ်မြေးဆက်အထိ နှစ်စဉ်ဝင်ငွေရနေခြင်းဖြစ်ပြီး မန်ကျည်း ရွက်နုများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း မန်ကျည်းရွက်နု ခူးဆွတ် ရောင်းချသူများ ထံမှသိရသည်။
ကျောင်းကုန်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Apr 06,2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်ဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ ယမန်နေ့နံနက် ၉း၃၀ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ် သမားများ၏ အခွင့်အရေးများအကြောင်း အသိပညာပေး Talk Show ပြုလုပ်
Apr 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားများ၏ အခွင့်အရေးများအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဘဏ္ဍာရေးစည်းမျဉ်းများ ရှင်းလင်းပွဲတက်ရောက်
Apr 06,2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဘဏ္ဍာရေးစည်းမျဉ်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေ‌ငွေ စာရင်းဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
စလင်းမြို့၌ ကန့်သတ်ထားသည့် ဓာတုဗေဒဆိုးဆေးပါ ကုန်ပစ္စည်းနှင့် သက်တမ်းလွန် ကုန်ပစ္စည်းများအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Apr 06,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မ စလင်းစျေးနှင့်ဆင်ဖြူကျွန်း စည်ပင်သာယာစျေးကြီး အတွင်း၊ အပြင် ရောင်းချလျက်ရှိသေ
ယင်းမာပင်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ
Apr 06,2023
ယင်းမာပင်မြို့တွင် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ပြင်ဆင်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတက်ရောက်
Apr 06,2023
၂၀၂၃-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင် ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဧပြီလ ၅ ရက်၊ နံနက် ပိုင်းတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများရောက်ကြသည်။
စလင်းမြို့နယ်ရှိ ဆေးဆိုင်များနှင့်အလှကုန်ဆိုင် ၊ လ္ဘက်ရည်ဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ စျေးကွက်အတွင်း ရက်လွန်ဆေးဝါးများနှင့်စားသောက်ကုန်ပစ္စည်များရောင်းချမှု ရှိ / မရှိကွင်းဆင်းစစ်ဆေး
Apr 06,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်များနှင့်အလှကုန်ဆိုင်၊ လ္ဘက်ရည်ဆိုင်များတွင် ရက်လွန်ဆေးဝါးများနှင့် အစားအသောက်မုန့်များအား စလင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် ဆေးဆိုင်များတွင် တရားမဝင်ရောင်းချလျက်ရှိသည့် ဆေးဝါးကိုစျေးကွက်အတွင်း တင်သွင်းရောင်းချခြင်းရှိ/မရှိကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။