သတင်းများ

မိုင်းယောင်းမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Apr 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် “သစ်တောနှင့် ပတ်ဝန်းကျင်ရာသီဥတု” ခေါင်းစဉ်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းပြီး ခန်ကုန်းကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား အခြေခံစားကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်
Apr 06,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်သည် တိုင်းဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ လိုက်ပါ၍ ယမန်နေ့ နံနက် ၉ နာရီခွဲက မင်းဘူး(စကု)မြို့နယ် ခန်ကုန်းကျေးရွာ ရတနာပုံကျောင်းတိုက် ဓမ္မာရုံသို့သွားရောက်ပြီး မီးဘေးသင့်အိမ်ထောင်စုများကို စားသောက်ရေး အဆင်ပြေစေရေးအတွက် အခြေခံစားကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ နွေရာသီ ပန်းချီ၊ ကာတွန်း၊ ပိုစတာ သင်တန်းသား၊ သင်တန်းသူများအား အာဟာရမုန့်များ ကျွေးမွေး
Apr 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ခရိုင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ထားသော နွေရာသီပန်းချီ၊ ကာတွန်း၊ ပိုစတာ သင်တန်းသား/သူများကို အာဟာရမုန့်များ လာရောက် ကျွေးမွေးခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများနှင့် သင်္ကြန်ဝတ်စုံများထောက်ပံ့ပေးအပ်
Apr 06,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများနှင့် သင်္ကြန်ဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန် အဆိုပါရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Apr 06,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်‌ကျော်သည် ဧပြီလ ၅ ရက်နေ့ နံနင်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်းဆောင်ရွက်
Apr 06,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်း ကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မုန်လာထုပ် (ဂေါ်ဖီထုပ်) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးသူများ အဆင်ပြေ
Apr 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် စိုက်ပျိုးသော မုန်လာထုပ် (ဂေါ်ဖီထုပ်) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ဒိုက်ဦးမြို့နယ်၌ အသက်(၂)လမှ အသက်(၁)နှစ်‌ခွဲအောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်း လုပ်ငန်းဆောင်ရွက်
Apr 06,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွားများရှိ အသက်(၂)လမှ အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ထိုးနှံပေး‌လျက်ရှိကြောင်း သိရသည်။