မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

မန္တလေး ဧပြီ ၇

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၉နာရီက လူထုအခြေုပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဆရာလျှမ်း (မန်းတက္ကသိုလ်) တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ယခုအခါရာသီဥတုပူပြင်းလာသည့်အတွက် ချွေးထွက်လွန်ခြင်း၊ ခန္ဓာကိုယ်၌ ရေဆုံးရှုံးမှုကြောင့် ဖောယောင်ခြင်း၊ မိတ်ထွက်ခြင်း၊ ကြွက်တက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမေ့ခြင်းတို့ကို ခံစားရနိုင်ပြီး အပူဒဏ်ပြင်းထန်ပါက သတိလစ်မေ့မြောသည်အထိ ခံစားရနိုင်ပါကြောင်း၊ အပူဒဏ်ကာကွယ်ရေးအတွက် ကလေး သူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ နှလုံးရောဂါအခံရှိသူများအနေဖြင့် လေဝင်လေထွက်ကောင်း၍ အေးမြသည့်အရိပ်ရှိသည့်နေရာတွင် နေထိုင်သင့်ကြောင်း၊ ပူပြင်းသည့် နေရောင်အောက်သွားရ ပါက ထီး၊ ဦးထုပ် အစရှိသည့်အကာအကွယ်များဖြင့် ကာကွယ်သင့်ကြောင်း၊ အလင်းပြန်သောအဖြူရောင် ချည်ထည်များကို ဝတ်ဆင်သင့်ကြောင်း၊ နေပူထဲမှပြန်လာပြီး ချက်ခြင်းရေချိုးခြင်း၊ ရေခဲရေသောက်သုံးခြင်း၊ မနက်(၁၀)နာရီမှ ညနေ(၅)နာရီအတွင်း လွင်တီးခေါင်၊ မြစ်ကမ်းပါး၌ ရေချိုးခြင်းရှောင်ကျဉ်ရန်နှင့် ခန္ဓာကိုယ်အတွင်း ရေနှင့်ဓါတ်ဆား မဆုံးရှုံးစေရန် ရေနှင့်ဓါတ်ဆားများ ပြန်လည်ဖြည့်တင်းရန် လိုအပ်ကြောင်း အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေါ်မြင့်မြင့်သန်း