လှိုင်းဘွဲ ဧပြီ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သာသနာ့ဆွေတော်မျိုးတော်ဝေယျာဝစ္စအသင်းမှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် သင်္ကြန်အထူးညတရားပွဲကို (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ် သင်္ကြန်အထူးညတရားပွဲကို သင်္ကြန်ကာလအတွင်း ပြည်သူများအနေဖြင့် စိတ်အေးချမ်းစွာ တရားတော်များ နာယူနိုင်ရေးနှင့် ကုသိုလ်တရားများပွားများနိုင်စေရန်အတွက် မြို့နယ်သံဃနာယကဥက္ကဌ ဒေါက်တာဘဒ္ဒန္တဣန္နာစာရ၊ အောင်မြင်သာယာ၊ ပရိယတ္တိစာသင်တိုက် စာချဆရာတော် အရှင်လာဘ၊ သစ်စီးတောင်ကျောင်းဆရာတော် အရှင်ဝီရိယ၊ သာသနာ့ရိပ်သာ၊ တောင်သုံးလုံးဦးကျောင်း၊ စာချဆရာတော် အရှင်ဣန္နာစက္ကနှင့် မြို့မကျောင်းကြီး၊ စာချဆရာတော် အရှင်တေဇဝန္တတို့က တရားတော်များကို ဧပြီလ(၁၃) ရက်နေ့မှ(၁၇)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ညစဉ်ည (၇)နာရီအချိန်တွင် လှိုင်းဘွဲမြို့(ဂ)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)