သတင်းများ

ပေါင်မြို့နယ်တွင် ရေသယံဇာတနှင့်ရေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ပြုလုပ်
Apr 06,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ ရေသယံဇာတနှင့်ရေထုညစ်ညမ်းမှုအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Apr 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်မီးသတ်ဦးစီဌာနသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ စစ်ကိုင်းမြို့နယ်အတွင်း တပ်မတော် နယ်လှည့်အထူးကုဆေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကြည့်ရှုအားပေး
Apr 06,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေကြသည့် တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ဧပြီလ ၅ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာအုပ်စု၊ ဝါးချက် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဘောလုံးကွင်း၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ၊ ရဟန်း၊ ရှင်လူ ၅၀၄ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
မိုင်းငေါ့မြို့တွင် လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် လူငယ်‌ရေးရာအသိပညာပေး Talk Show ပြုလုပ်
Apr 06,2023
မိုင်းငေါ့မြို့တွင် လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် လူငယ်‌ရေးရာအသိပညာပေး Talk Show ပြုလုပ်
ပန်း​တောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Book Club နှင့် စာဖတ်ဝိုင်းကျင်းပ
Apr 06,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေနံနက်(၉)နာရီက ကျင်းပခဲ့သည်။
၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သဘာဝဘေးဖြစ်ပွားမှု (၇)ကြိမ် ထောက်ပံ့နိုင်ခဲ့
Apr 06,2023
ဒေသအတွင်း၌ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဘေးသင့်အိမ်ထောင်စုများအား ကူညီထောက်ပံ့လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သဘာဝဘေးဖြစ်ပွားမှု (၇)ကြိမ်အတွက် ကူညီထောက်ပံ့နိုင်ခဲ့သည်။
တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်း ဖွင့်လှစ်
Apr 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေး သင်တန်းကို လပွတ္တာမြို့ ရွေးနဒီခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။
မိုင်းတုံမြို့၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းနှင့် စာအုပ်စာ‌စောင်များ ပြသ
Apr 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာ‌ မောင်မင်းစိုး၏ "လူငယ်နဲ့စရိုက်စိုး(ဘဝ‌နေနည်းလမ်းညွှန်)" စာအုပ်ကို ယနေ့ နံနက် ၁ဝ နာရီ ၂၀ မိနစ်အချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။