သတင်းများ

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မီးဘေးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ
Apr 07,2023
မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ပြုလုပ်သည်။
ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးစာဖတ်ဝိုင်းဆောင်ရွက်
Apr 07,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိအမြင်များ ကျယ်ပြန့်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀နာရီခွဲခန့်က ကလေးစာဖတ်ဝိုင်းဆောင်ရွက်ပေးခဲ့သည်။
ညောင်တုန်းမြို့၌ Fitness Dance သရုပ်ပြပွဲနှင့် အခြေခံသင်တန်းဆင်းပွဲကျင်းပ
Apr 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Fitness Dance သရုပ်ပြပွဲနှင့် အခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က လူထုအ‌ခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခမဲ့ သင်ကြားဖွင့်လှစ်ခဲ့သော ကရာတေဒို သင်တန်းဆင်းပွဲ ပြုလုပ်
Apr 07,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍အခမဲ့သင်ကြားဖွင့်လှစ်ခဲ့သော အခြေခံ ကရာတေးဒို သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး
Apr 07,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အတူ ခရိုင်စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်အဖွဲ့ဝင်များ၊‌ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်နှင့် မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်အဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း နှစ်သီးစား၊ သုံးသီးစားစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရပ်စောက်မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
Apr 07,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက် (၉:၃၀)က ရပ်စောက်မြို့နယ်၊ ရဿဝတီခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဘားအံမြို့နယ်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ မိသားစုများအား အခြေခံစားသောက်ကုန်များ ရောင်းချပေး
Apr 07,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၏ မိသားစုများ စားဝတ်နေရေး ‌တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ယနေ့မွန်းလွဲပိုင်းက အမှတ် (၄)ရပ်ကွက်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်၊ ချောင်းဝ၊ ဝါးကုန်းကျေးရွာအုပ်စုများ၌ ကျွဲနွားခွာနာလျှာနာရောဂါ မဖြစ်ပွားစေရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Apr 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်၊ ချောင်းဝ၊ဝါးကုန်းကျေးရွာ အုပ်စုများတွင် ကျွဲနွား ခွာနာလျှာနာ ရောဂါ မဖြစ်ပွားစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီအချိန်တွင် ပြင်ခရိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။