သာယာဝတီမြို့တွင် နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Apr 04,2023
ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိနေပြီဖြစ်၍ သာယာဝတီမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့မွန်းလွဲပိုင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မီးသတ်မော်တော်ယာဥ်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်နှိုးဆော်ခဲ့ကြသည်။