သတင်းများ

ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်
Apr 04,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ဝန်ထမ်းများ လုပ်ငန်းခွင် အရည်အသွေး မြင့်မားစေရန်၊ မိမိတို့လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရေးသားသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ကို စာဖတ်ဝိုင်း ပြုလုပ်သည်။
နမ့်ဆန်မြို့ ချယ်ရီမြိုင် မီနီဂေါက်ကလပ် အားကစားကွင်း၌ တစ်ဦးတည်း ဒုတိယအကြိမ် တစ်ချက်တည်းရိုက်ကျင်းဝင်
Apr 04,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ယမန်နေ့ညနေပိုင်းက ဂေါက်ရိုက်အားကစားဝါသနာရှင်များ ပူးပေါင်းဖွင့်လှစ်ထားသော ချယ်ရီမြိုင် ဂေါက်ကလပ် ဂေါက်ရိုက် အားကစားကွင်း၌ တစ်ဦးတည်း ဒုတိယအကြိမ် တစ်ချက်တည်းရိုက် ကျင်းဝင်ခဲ့ ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၊ နန်းဩကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Apr 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ နန်းဩကျေးရွာဘုန်းတော်ကြီးကျောင်း၌ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
တိုက်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Apr 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းအားလပ်ရက်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အားကစားအခြေခံနည်းစနစ်များအား ခေတ်စနစ်နှင့်အညီဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားကစားကိုစိတ်ပါဝင်စားသော မျိုးဆက်သစ်လူငယ်မောင်မယ်များပေါ်ထွက်လာစေရေး ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမ၌ ကျင်းပသည်။
မြို့သစ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၃)ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း (၅၅)ရာခိုင်နှုန်းပြီးစီး
Apr 04,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ပညာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၃)ထပ်ကျောင်း ဆောင်သစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိရာ (၅၅)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးထားမှုအခြေအနေများကို တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှု
Apr 04,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် နွေစပါးစိုက်ပျိုးရေးလျာထားချက်ပြည့်မီကျော်လွန်ရေးနှင့် ရာသီချိန်မီစိုက်ပျိုးပြီးစီးရေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ကမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးမင်းမင်းထွန်းနှင့်ကွင်းဝန်ထမ်းများ၊ ဆည်‌မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဦးစီးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူးနှင့်မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဝင်များက တောင်သူများစိုက်ပျိုးထားရှိသည့် နွေစပါးစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပ
Apr 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် စာအောင်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Apr 04,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူခဲ့ကြသည် စာအောင်သံဃာတော်များနှင့်လူပုဂ္ဂိုလ်များအား ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်း သဘင်အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲက အမှတ် (၃)ရပ်ကွက်ဓမ္မရက္ခိတ ကုန်းဓာတ်ပေါင်းစုစေတီတော် မြတ်စွယ်တော်ဓမ္မာရုံတော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။