သတင်းများ

မာန်အောင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စိုက်ပျိုးရေး မြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီဝင်များအား သင်တန်းဖွင့်လှစ်ပို့ချ
Apr 04,2023
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်မည့် စိုက်ပျိုးရေးမြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီဝင်များအား သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ စပ်မျိုးနေကြာစိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေးပွဲ ဆောင်ရွက်
Apr 04,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ စပ်မျိုးနေကြာစိုက်ပျိုးခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများအား တောင်သူများအသိပညာ ဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ စပ်မျိုးနေကြာစိုက်ပျိုးရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့စိုက်ပျိုးရေး ဦးစီးဌာန၌ ဆောင်ရွက်ခဲ့သည်။
မအူပင်မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Apr 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပံတပွတ်ကျေးရွာ အုပ်စုဒေသခံပြည်သူများတွေ့ဆုံပွဲကို ပံတပွတ်ကျေးရွာရှိ မြပေါင်းစေတီဓမ္မာရုံအတွင်း ယနေ့နံနက်ပိုင်းက ကျင်းပ‌ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာ ရုံးများအရောက် မိုဘိုင်းစနစ်ဖြင့်​​ စာအုပ်စာစောင်များ ငှားရမ်း
Apr 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လိုက်လံငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကြက်သွန်းနှုတ်သိမ်းချိန်တွင် နေ့စားအငှားလိုက်သူများ ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိ
Apr 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ဆည်အနီးကျေးရွာ များတွင် ကြက်သွန်နှုတ်သိမ်းချိန်းတွင် နေ့စားအငှားလိုက်သူများ ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
လှိုင်းဘွဲမြို့နယ်တွင် အရန်သားဖွားနှင့်လူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 04,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အရန်သားဖွားနှင့် လူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့မှ လက်ခမောင်းသံ(၄) မြန်မာရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်
Apr 04,2023
မြန်မာရိုးရာလက်ဝှေ့ တိမ်ကောပပျောက်မှုမဖြစ်စေရေးနှင့် ကမ္ဘာ့အလယ်တွင် ရင်ဘောင်တန်းနိုင်သော မျိုးဆက်သစ် မြန်မာရိုးရာလက်ဝှေ့အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူး၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အခြေစိုက်တော်ဝင်ဧရာကလပ်မှ စီစဉ်ကျင်းပသော ဘိုကလေးမြို့မှ လက်ခမောင်းသံ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအား ဘိုကလေးမြို့နယ် အားကစားခန်းမ၌ ဧပြီ(၉)ရက်နေ့နှင့် (၁၀)ရက်နေ့ (၂)ရက်တာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ကျောက်ဆည်မြို့နယ် သင်္ဂတုံကျေးရွာအနီး ငပြောင်မြောင်းမှ  ရေပြွန်(၅)လုံး ပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ(၄၀၃)ဧက စိုက်ပျိုးရေပြည့်ဝစွာ သုံးစွဲနိုင်ပြီဖြစ်
Apr 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင်  သင်္ဂတုံကျေးရွာအနီ ငပြောင်မြောင်းမှ ရေပြွန်(၅)လုံး ပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ(၄၀၃)ဧက စိုက်ပျိုးရေများပြည့်ဝစွာ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။