အမ်း ဧပြီ ၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိူင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက် အဖွင့်အမှာစကားပြောကြားကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုထားသည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၃-၂၀၄ ဘဏ္ဍာနှစ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်တင်ပြထားရှိမှု အခြေ အနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကိစ္စရပ်များ၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးဌာနဆိုင်ရာရုံးများ ရုံးဥပတိရုပ်ကောင်း မွန်စေရေးလုပ်ငန်းများ စိုက်ပျိုးရေးဇုံ၊ မွေးမြူရေးဇုံနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့် ဆောင်ရွက်ရန် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့၏ဌာနများအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သိရသည်။
စိုးမင်းထွန်း(ပြန်/ဆက်)