မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ "ကျန်းမာသုခလူနေမှုဘဝ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

မိုင်းလုံ  ဧပြီ ၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community  Centre)  ခန်းမတွင် (Book Club)အဖွဲ့ဝင်နှင့် လူငယ်များက စာရေးဆရာ ပေါက်ပေါက် ရေးသားထားသော "ကျန်းမာသုခ လူနေမှုဘဝ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက လူသားတို့၏ နေ့စဉ် ဘဝနေထိုင်မှုပုံစံနှင့်ပတ်သတ်၍ ကျန်းမာရေးနှင့် ညီညွှတ်မျှတစွာ မည်သို့မည်ပုံ နေထိုင်စားသောက်သင့်ကြောင်းကို အချိန်အပိုင်းအခြားအလိုက် ရေးသားထားသောကြောင့် လူဘဝသက်တမ်းစေ့‌ နေထိုင်နိုင်ရေး ကျန်းမာရေး နည်းလမ်း‌ကောင်းများကို ရရှိကြောင်း ‌ပြောကြားပြီးမှ  ဈေးရပ်ကွက်နေ စိုင်းကျော်ကျော်ဝင်းမှ "သေရည်သေရက်" အကြောင်းကိုလည်း‌ကောင်း၊ ဈေးရပ်ကွက်နေ  "အိပ်စက်ခြင်းနှင့်ကျန်းမာရေး" အကြောင်းတို့ကိုဆွေးနွေးရာ စာဖတ်ဝိုင်းသို့ တက်‌‌ရောက်သော ဝါသနာရှင်များကလည်း  မိမိတို့သိသောအကြောင်းအရာများကို  အပြန်အလှန်မျှ‌‌ဝေဆွေးနွေးခဲ့ကြပြီးနောက် မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍  စာဖတ်ဝိုင်းကိုဆောင်ရွက်ရကြောင်း ပြောကြားခဲ့သည်။

ဇော်ဇော်(ပြန်/ဆက်)