ငဖဲမြို့နယ်၌ နွေနှမ်း ၇၇၅ ဧကနှင့် နွေစပါး ၅၂ ဧက စိုက်ပျိုးပြီးစီး
Apr 04,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည်ဆည်နှင့် ဆည်ငယ်၊ ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးရန် ၇၆၉ ဧက လျာထားခဲ့ရာ ယနေ့တွင် နွေနှမ်း ၇၇၅ ဧကနှင့် နွေစပါးစိုက်ပျိုးရန် ၉၅ ဧက လျာထားခဲ့ရာ ၅၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။