သတင်းများ

တံတားဦးမြို့နယ်တွင် ဖွင့်လှစ်သည့် အခြေခံပန်းချီသင်တန်းသို့ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ သင်တန်းသား/သူများအား အာဟာရများထောက်ပံ့
Apr 06,2023
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ဖွင့်လှစ်သည့် အခြေခံပန်းချီ သင်တန်းသို့ ယမန်နေ့နံနက်(၁၁)နာရီက တံတားဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ခရိုင်အမျိုးသမီးရေးရာ အဖွဲ့တို့မှ သင်တန်းသား/သူများကို အာဟာရများ လာရောက်ထောက်ပံ့ပေးကြောင်းသိရသည်။
မိုင်းဆတ်မြို့၌ အခြေခံဖိနပ်ချုပ်သင်တန်းဆင်းပွဲကျင်းပ
Apr 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အခြေခံဖိနပ်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁) နာရီခွဲက (Community Centre) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့၌ မိသားစုအပိုဝင်ငွေရရှိရန် သဘာဝဆူးပုတ်ရွက်များရောင်းချ
Apr 06,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မှီတင်းနေထိုင်ကြသော ဒေသနေပြည်သူများသည် အနီးပတ်ဝန်းကျင်ရှိတောတောင်များနှင့်အိမ်ခြံဝင်းများတွင် ပေါက်ရောက်သော ဆူးပုတ်ပင်များကို မိသားစုတစ်ဖက်တစ်လမ်းမှအပိုဝင်ငွေရရှိစေရန်အတွက် ရောင်းချလျက်ရှိကြောင်း သိရသည်။
ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Apr 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူ ကျောင်းသား/သူများ ပူးပေါင်း၍
တပ်ကုန်းမြို့၌ နွေစပါးစိုက်ဧက လျာထားပြည့်မီကျော်လွန်အောင်စိုက်ပျိုးဆောင်ရွက်
Apr 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း နွေးစပါးစိုက်တောင် သူများ ပြောင်းလဲလာသောရာသီဥတုနှင့်အညီ
ကျောက်ဖြူမြို့တွင် သင်္ကြန်ရာသီကာလ၌ ဒေသထွက်ငါးခြောက်များ ရောင်းအားကောင်း
Apr 06,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ သင်္ကြန်ရာသီကာလ၊ ဧပြီလတွင် ဒေသထွက်ငါးခြောက်များ ဝယ်ယူသူများပြားလျက်ရှိပြီး ရောင်းအားကောင်းလာကြောင်း ငါးခြောက်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။
မိုင်းယောင်းမြို့နယ်၌ လမ်းသွားလမ်းလာများ အဆင်ပြေစေရေး လမ်းများပြုပြင်ဆောင်ရွက်ပေး
Apr 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် လမ်းသွားလမ်းလာသူများ အဆင်ပြေစေရေးအတွက် ယမန်နေ့က စည်ပင်သာယာရေးဌာန၊ မီးသတ်ဦးစီးဌာနနှင့် “ဖြူစင်မိုင်းယောင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအသင်း”တို့ ပူးပေါင်းပြီး ဗလမင်းထင်လမ်းနှင့် နောင်ခမ်းလမ်းဆုံအား ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။
မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေး
Apr 06,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက ယမန် နေ့ နံနက်၁၁နာရီတွင် ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား စာအုပ်၊စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။