တုံတာ ဧပြီ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တုံတာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ ယနေ့နံနက် (၉)နာရီတွင် ရပ်ကွက်-၁ နယ်လှည့်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဒေါ်အဲန်းမေရီက မူးယစ်ဝါးအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ဟောပြောပြီးနောက် ရပ်ကွက်နေပြည်သူများနှင့် ကလေးများကို ဝန်ထမ်းများ သယ်ဆောင်လာသော မူးယစ်ဆေးဝါးနံရံကပ်အကြောင်းကို ရှင်းလင်းပြောကြားအပြီး ၎င်းမူးယစ်ဆေးဝါးတားဆီးရေးအသိပညာပေး နံရံကပ်စာစောင်အား ရပ်ကွက်နေပြည်သူများနှင့် ကလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှု၍ သိလိုသည်များကိုမေးမြန်း၊ မေးဖြေပြုလုပ်ကာ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
အဲန်းမေရီ