ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ညောင်တုန်း မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက အောင်မဂ္ဂင်(ရွှေကျင်) ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် ခရိုင် သဘာ၀ဘေးကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးက သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ် ဆောင်ရွက်ရမည့် အစီအမံများ၊ ပြန်လည်ထူထောင်ရေးကာလအတွင် အောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ် သဘာ၀ဘေးကာကွယ်ရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦး‌ကျော်စိုးက မြို့နယ်အတွင်း ဆောင်ရွက်ထားရှိမှုများ၊  ကျေးရွာ‌ကော်မတီများမှ သဘာဝဘေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့က လက်တလော ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်၍ တက်ရောက်လာကြသည့် ဒေသခံ ပြည်သူများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)