လက်ပံတန်းမြို၌ Club အသင်းများနှင့်ပူးပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

လက်ပံတန်း မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် ဝါသနာတူလူငယ်များအသင်း(Youth Club)တို့ပူးပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးမင်းထွန်းက စာဖတ်စွမ်းရည်ပြိုင်ပွဲကို  လူငယ်များစာဖတ်စွမ်းရည်မြင့်မားရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်းနှင့် စာဖတ်စွမ်းရည်မြင့်မားပြီး အသိဉာဏ်ပညာထက်မြက်ပြီး တိုင်းပြည်ကိုအကျိုးပြုနိုင်သည့် လူတော်လူကောင်းလေးများ ဖြစ်လာစေရန်ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

ဝါသနာတူလူငယ်များအသင်း(Youth Club)မှ ကျောင်းသားကျောင်းသူလေးများနှင့် ပြည်သူ့စာကြည့်တိုက်မှ အသင်းဝင်လူငယ်လေးများမှ ဂျပန်နိုင်ငံ၊ ရှန်တီစေတနာဝန်ထမ်းအဖွဲ့ (SVA)ကကူညီ၍ စာပေဗိမာန်ကဘာသာပြန်ဆိုထုတ်ဝေသည့် “နေကမ္ဘာ” လူငယ်စာစဉ်စာအုပ်မှ မြန်မာနိုင်ငံ၏ နေကမ္ဘာခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ကြားယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်သားငယ်သမီးငယ်များအား မြို့နယ်ဦးစီးမှူးဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)